ပြည်ပတင်ပို့ခွင့် ကန့်သတ်ကုန်ပစ္စည်းများကို (၆)မျိုးအထိ လျှော့ချသတ်မှတ်

ပြည်ပတင်ပို့ခွင့် ကန့်သတ်ကုန်ပစ္စည်းများကို (၆)မျိုးအထိ လျှော့ချသတ်မှတ်
သြဂုတ် 18, 2020
By Tachileik News Agency
ပြည်ပတင်ပို့ခွင့် ကန့်သတ်ကုန်ပစ္စည်းများကို (၆)မျိုးအထိ လျှော့ချသတ်မှတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ၁၉၉၉ ခုနှစ်တွင် ပြည်ပတင်ပို့ခွင့်  ကန့်သတ်ကုန်ပစ္စည်း (၃၁)မျိုးအထိ သတ်မှတ်ထားရာ ၂၀၂၀ ခုနှစ်တွင် ကန့်သတ်ကုန်ပစ္စည်း (၆)မျိုးအထိ ဖြေလျှော့ပေးလိုက်သည့် အမိန့်ကြေငြာစာကို သြဂုတ်လ (၁၇)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ  ပြည်ပတင်ပို့ခွင့် ကန့်သတ်ကုန်စည်များအဖြစ် စိန်၊ ရေနံစိမ်း၊ လက်နက်ခဲယမ်းမီးကျောက်၊ ရှေးဟောင်းပစ္စည်းများ၊ ၊ ဆင်စွယ်၊ ဆင်၊ မြင်းနှင့် ရှားပါးတိရစ္ဆာန်များကို သတ်မှတ်ထားသည်။
ပြည်ပပို့ကုန် ကန့်သတ်ချက်တွင်  ယခင်က ရေနံကို ကန့်သတ်ထားရာမှ ရေနံစိမ်းသို့ ပြောင်းလဲလိုက်သည်ကိုလည်း တွေ့ရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၁၉၉၉ ခုနှစ်တွင် ပြည်ပတင်ပို့ခွင့်မပြုသည့် ကုန်ပစ္စည်း (၃၁)မျိုး ကန့်သတ်ထားရာမှ ၂၀၀၈ ခုနှစ်တွင် (၁၅)မျိုးအထိ စတင်ဖြေလျှော့ပေးထားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ပြည်ပပို့ကုန်ကန့်သတ်ချက်များအား ဖြေလျှော့ပေးခြင်းကို ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် အသီးသီး ထပ်မံဖြေလျှော့ပြီးနောက် ၂၀၂၀ ခုနှစ်တွင် ပြည်ပတင်ပို့ခွင့်မပြုသည့် ကုန်ပစ္စည်းအမျိုးအစား (၆)ခုသို့ လျှော့ချဖြေလျှော့ပေးလာခြင်းဖြစ်သည်။
Tachileik News Agency

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~