“ကျန်းမာရေးဌာနမှာလည်း ပွင့်ပွင့်လင်းလင်းပြောရရင် အင်အားမရှိဘူးဗျ။ သက်ဆိုင်ရာရွာတွေမှာလည်း ကျန်းမာရေးဝန်ဆောင်မှုပေးရတယ်။ F.Q မှာလည်း အင်အားပေးရတယ်ဆိုတော့ အင်အားနည်း နေတာပေါ့။ မြို့နယ်ကျန်းမာရေးဆရာဝန်ကြီးနဲ့ ညှိနှိုင်းတဲ့အခါ ဂိတ်မှာ နေ့၊ ည (၂) ဦးစီ ပေးထားတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျန်းမာရေးဝန်ထမ်းတွေ သင်တန်းတက်ရမှာမို့ အင်အားနည်းသွားတာကြောင့် သူတို့ (စေတနာ့ဝန်ထမ်းတွေ) လာကူညီပေးနေတာပါ။ ငဖဲမြို့ က သေးသေးလေးဆိုပေမဲ့ မကွေးတိုင်း တစ်တိုင်းလုံးအတွက် ကိုယ်စားပြုပြီး ရုန်းပေးနေရတာဖြစ်တော့ အကူအညီပေးနိုင်ရင်တော့ ကြိုဆိုပါ တယ်”
“ပြောရရင် လုပ်ငန်းဆောင်တာက နည်းနည်းများပါတယ်။ ကျန်းမာရေးစစ်ဆေးရေးဂိတ်ဆိုပေမဲ့ လတ်တလော ကျန်းမာရေးဝန်ထမ်းက တစ်ဦးပဲရှိတယ်။ ဌာနက သင်တန်းပေးနေတဲ့အချိန်ဖြစ်နေလို့ ကျန်းမာရေးဝန်ထမ်းအင်အားက နည်းနေဦးမယ်လို့ ပြောတယ်။ သင်တန်းပြီးရင်လည်း ကျန်းမာရေးဝန်ထမ်းက (၂) ဦးထက်မပိုနိုင်ဘူးလို့လည်း သိရတယ်။ ဒီ အင်အားဟာ ကျန်းမာရေးစစ်ဆေးတာလောက်ပဲ လုံလောက်မှု ရှိနိုင်ပါတယ်။ စာရင်းမှတ်တာ၊ ကားတွေထဲက ကားဆရာတွေ ခရီးသည်တွေကို စီမံခန့်ခွဲတာ၊ ဆိုင်ကယ်တွေ သုံးဘီးတွေအသွားအလာကို စိစစ်တာတွေကိုကျတော့ ကျန်းမာရေးဝန်ထမ်းတွေက အားလုံးလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ရေရှည်မှာ စေတနာ့ဝန်ထမ်းလိုအပ်ချက်ကတော့ ရှိနေဦးမယ်လို့ ထင်ပါတယ်”