တာချီလိတ်သို့ ကား/လေယာဉ်များဖြင့် လာသူအားလုံး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာ ယူလာရမည်

တာချီလိတ်သို့ ကား/လေယာဉ်များဖြင့် လာသူအားလုံး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာ ယူလာရမည်
စက်တင်ဘာ 7, 2020
By Tachileik News Agency
တာချီလိတ်သို့ ကား/လေယာဉ်များဖြင့် လာသူအားလုံး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာ ယူလာရမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ လာရောက်သူတိုင်း မိမိတို့လာရောက်သည့်ဒေသမှ ရပ်/ကျေးထောက်ခံစာ ယူလာရန် တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့၌ သတ်မှတ်လိုက်သည်။
တာချီလိတ်မြို့သို့ COVID 19 ကူးစက်မှုများနေသည့်ဒေသမှ လာရောက်သူများတွင်  ရောဂါကူးစက်ခံထားရပါက ဆောလျင်စွာ သိရန်နှင့် အခြားသူများသို့ ကူးစက်ခြင်းမရှိစေရန် facility quarantine (၁၄) ရက်နှင့် home quarantine (၇) ရက်နေထိုင်စေရာတွင် အချို့က မိမိတို့လာရောက်သည့်ဒေသအမှန်အတိုင်း မပြောခြင်းများကို ရှောင်နိုင်ရန် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကိုယ်လာတဲ့နေရာက ရပ်/ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပေါ့။ သူတို့ ဘယ်နေရာကလာတယ်ဆိုတာ စိစစ်ရတာလွယ်ကူအောင်လို့ ထောက်ခံစာယူလာခိုင်းတာပါ”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့သို့ ရခိုင်၊ ရန်ကုန်နှင့် မြင်းခြံမှလာသူများကို facility quarantine တွင် (၁၄)ရက်နှင့် home quarantine (၇) ရက်ထားရှိပြီး facility quarantine ကာလတွင် quarantine နေသူက စားစရိတ် တစ်ရက်လျှင် ကျပ်(၆၀၀၀) ကျခံကြရမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~