တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့နယ်တွင် Mask မတပ်ဘဲ အပြင်ထွက်ပါက ချက်ချင်းဝယ်ယူတပ်ဆင်စေသည့် စနစ်ဖြင့် ကြပ်မတ်နေ

တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့နယ်တွင် Mask မတပ်ဘဲ အပြင်ထွက်ပါက ချက်ချင်းဝယ်ယူတပ်ဆင်စေသည့် စနစ်ဖြင့် ကြပ်မတ်နေ
စက်တင်ဘာ 10, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့နယ်တွင် Mask မတပ်ဘဲ အပြင်ထွက်ပါက ချက်ချင်းဝယ်ယူတပ်ဆင်စေသည့် စနစ်ဖြင့် ကြပ်မတ်နေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သွားလာပါက ချက်ချင်းဝယ်ယူတပ်ဆင်စေသည့်စနစ်ဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှစ၍ ကြပ်မတ်နေပြီဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင်း လူအသွားအလာများသည့်နေရာများဖြစ်သည့် မြို့နယ်တြိဂံလမ်းဆုံ၊ ဟိုခုံလမ်းဆုံနှင့် မြို့နယ်အဝင်ဆိုင်းဘုတ်နေရာတို့၌ စစ်ဆေးရေးအဖွဲ့များဖြင့် ကြပ်မတ်ဆောင်ရွက်နေခြင်းဖြစ်ပြီး အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုဆေးကြောစေခြင်း၊ လူစုလူဝေးမဖြစ်စေရေးနှင့် မလိုအပ်ဘဲ ကလေးငယ်များကို အိမ်အပြင်သို့ ခေါ်ဆောင်သွားလာခြင်းမပြုကြရန် အသိပညာပေးခြင်းအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေနေကြခြင်းဖြစ်သည်။
ယင်းကဲ့သို့ စစ်ဆေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဌ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ် Covid-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း၊ဓာတ်ပုံ - အားချာ
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~