စက်တင်ဘာလ(၁၀)ရက်နေ့အတွက် နှစ်ကြိမ်ပေါင်း စစ်ဆေးမှုတွင် အတည်ပြုလူနာ (၂၅၇)ဦး ထပ်တိုး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာလ(၁၀)ရက်နေ့အတွက် (၁၃၇၀)ဦး၏ ဓါတ်ခွဲနမူများအား ဒုတိယအသုတ်အဖြစ် စစ်ဆေးရာ (၁၁၅)ဦးတွင် Covid-19 ပိုးတွေ့ရ၍ နိုင်ငံအတွင်း ကူးစက်ခံရသူ စုပေါင်း (၂၂၆၅)ဦးရှိနေပြီဖြစ်ကြောင်း စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားရှိသည်။
စက်တင်ဘာလ(၁၀)ရက်နေ့အတွက် ပထမအသုတ်အဖြစ် (၂၀၄၇)ဦး၏ ဓါတ်ခွဲနမူနာကို စစ်ဆေးခဲ့ရာတွင် (၁၄၂)ဦး၌ Covid-19 ပိုးတွေ့ရှိရကြောင်း စက်တင်ဘာလ(၁၀)ရက်နေ့ ည(၈)နာရီက သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။
စက်တင်ဘာလ(၁၀)ရက်နေ့၏ နှစ်ကြိမ်ပေါင်း စစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၂၅၇)ဦး အသစ်တိုးလာခြင်း ဖြစ်သည်။
နိုင်ငံအတွင်း မတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်(၈)နာရီအချိန်ထိတွင် Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂၂၆၅)ဦး ရှိနေပြီး သေဆုံးသူမှာ (၁၄)ဦးအထိ ရှိနေပြီဖြစ်သည်။
Tachileik News Agency