စက်တင်ဘာလ (၁၈)ရက်နေ့အတွက် နှစ်သုတ်ပေါင်း စစ်ဆေးမှုတွင် Coivd-19 အတည်ပြုလူနာ (၃၂၂)ဦး ထပ်တိုး

စက်တင်ဘာလ (၁၈)ရက်နေ့အတွက် နှစ်သုတ်ပေါင်း စစ်ဆေးမှုတွင် Coivd-19 အတည်ပြုလူနာ (၃၂၂)ဦး ထပ်တိုး
စက်တင်ဘာ 19, 2020
By Tachileik News Agency

စက်တင်ဘာလ (၁၈)ရက်နေ့အတွက် နှစ်သုတ်ပေါင်း စစ်ဆေးမှုတွင် Coivd-19 အတည်ပြုလူနာ (၃၂၂)ဦး ထပ်တိုး

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) အပါအဝင် ဓါတ်ခွဲဌာနများနှင့် ဆေးရုံများမှ ၂၀၂၀ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့အတွက် ဓါတ်ခွဲနမူနာပေါင်း (၂၇၀၀)ကျော်ကို စစ်ဆေးရာကို covid-19 အတည်ပြုလူနာ (၁၅၄)ဦး ထပ်တိုး၍ စက်တင်ဘာလ(၁၈)ရက်နေ့အတွက် (၂)သုတ်ပေါင်း စစ်ဆေးမှုတွင် စုစုပေါင်း (၃၂၂)ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာလ(၁၉)ရက်နေ့ နံနက်(၈)နာရီက သတင်းထုတ်ပြန်ထားရှိသည်။

စက်တင်ဘာလ(၁၈)ရက်နေ့အတွက် ပထမအသုတ် စစ်ဆေးမှု၌ (၁၆၈)ဦးတွင် Covid-19 ပိုးတွေ့ရှိပြီး ဒုတိယအသုတ်တွင် (၁၅၄)ဦးတွေ့ရှိ၍ နိုင်ငံအတွင်း Covid-19 ကူးစက်ခံရသူ စုစုပေါင်း ( ၄,၆၂၁ )ဦး ရှိနေပြီဖြစ်သည်။

သေဆုံးသူ (၅)ဦးထပ်တိုး၍ စက်တင်ဘာလ(၁)ရက်နေ့မှ စက်တင်ဘာလ(၁၉)ရက်နေ့ နံနက်(၈)နာရီအထိ စုစုပေါင်း (၆၉)ဦးရှိပြီး ပထမ Covid-19 က သေဆုံးသူ (၆)ဦး အပါအဝင် ဆိုလျှင် စုစုပေါင်း (၇၅)ဦးအထိ ရှိနေသည်။

အတည်ပြုလူနာပေါင်း (၄၆၂၁)ဦးအနက် (၁,၁၃၀)ဦးမှ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းထားရပြီး ကျန်ရှိသည့် (၃,၄၉၁)ဦးသည် ဆေးဝါးကုသမှု ခံယူနေလျက်ရှိပြီး လတ်တလော ကူးစက်ခံရမှု အများဆုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးက ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း Covid-19 ကုသရေးတွင် ပါဝင်ကူညီနိုင်ရန်အတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းများမှလည်း သွားရောက် ကူညီနေကြပြီဖြစ်သည်။
ဓါတ်ခွဲစစ်ဆေးမှုများနှင့် ပတ်သက်၍ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) အပါအဝင် ဓါတ်ခွဲဌာနများက တစ်နေ့တာ ဓါတ်ခွဲနမူနာများကို ပထမအသုတ် စစ်ဆေးပြီးသည်များကို ည(၈)နာရီတွင် သတင်းထုတ်ပြန်ပြီး ညပိုင်းဆက်လက် စစ်ဆေးသည့် ဒုတိယအသုတ်၏ စစ်ဆေးမှုအဖြေများကို နောက်တစ်နေ့ နံနက်(၈)နာရီတွင် ပုံမှန် ထုတ်ပြန်ပေးနေခြင်း ဖြစ်သည်။

Covid-19 ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးရှောင်ခြား ရန်နှင့် အပြင်ထွက်ပါက မဖြစ်မနေ နှာခေါင်းစည်း (Mask)တပ်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားရှိသည်။

Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~