စက်တင်ဘာလ(၁၉)ရက်နေ့အတွက် ပထမအသုတ်စစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ (၂၄၉)ဦး ထပ်တိုး
စက်တင်ဘာလ(၁၉)ရက်နေ့၏ ပထမအသုတ် စစ်ဆေးချက်တွင် Covid-19 အတည်ပြုလူနာ (၂၄၉)ဦးအထိ ထပ်တိုး၍ နိုင်ငံအတွင်း အတည်ပြုလူနာ စုစုပေါင်း ( ၄,၈၇၀ ) ဦး ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ (၁၉)ရက်နေ့ ည(၈)နာရီတွင် သတင်းထုတ်ပြန်ထားရှိသည်။
ကူးစက်ခံရသူပေါင်း (၄,၈၇၀)ဦးတွင် အတည်ပြုလူနာ (၅၈)ဦးမှာ သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသွားသည့်အတွက် ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၁,၁၈၈)ဦး ရှိကြောင်း သိရသည်။
သေဆုံးသူမှာလည်း စက်တင်ဘာလ(၁၉)ရက်နေ့ ည(၈)နာရီအထိတွင် စုစုပေါင်း (၈၁)ဦး ရှိကြောင်း သိရသည်။
Tachileik News Agency