အောက်တိုဘာလ (၁၆) ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁,၁၃၈) ဦး ထပ်တိုး

အောက်တိုဘာလ (၁၆) ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁,၁၃၈) ဦး ထပ်တိုး
အောက်တိုဘာ 16, 2020
By Tachileik News Agency
အောက်တိုဘာလ (၁၆) ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁,၁၃၈) ဦး ထပ်တိုး
တစ်နိုင်ငံလုံးရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနများ၊ ပြည်သူ့ဆေးရုံကြီးများနှင့် RTD တို့ဖြင့် တစ်နေ့တာအတွင်း  Covid-19 ဓါတ်ခွဲနမူနာ (၁၃,၅၁၀) ကို စစ်ဆေးရာ အတည်ပြုလူနာ စုစုပေါင်း (၁,၁၃၈)ဦး ထပ်တိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ(၁၆)ရက်နေ့ည ထုတ်ပြန်သည်အထိ အတည်ပြုလူနာ (၁,၁၃၈)ဦး ထပ်တိုးသည့်အတွက် အတည်ပြုလူနာ စုစုပေါင်း (၃၃၄၈၈) ဦးရှိလာပြီဖြစ်ပြီး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ (၇၇၁)ဦး ထပ်တိုး၍ ဆေးရုံဆင်းသူ စုစုပေါင်း(၁၅,၄၇၇)ဦးရှိပြီဖြစ်သည်။
သေဆုံးသူ (၃၄)ဦးထပ်တိုးလာ၍ စုစုပေါင်း သေဆုံးသူအရေအတွက်မှာ (၇၉၉)ဦးရှိလာပြီဖြစ်သည်။
လက်ရှိတွင် ဒေသအသီးသီးရှိ ဆေးရုံများ၌ ကုသမှု ခံယူနေသူမှာ စုစုပေါင်း (၁၇,၂၁၂)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~