ထိုင်းနိုင်ငံဝန်ကြီးချုပ် (၃)ရက်အတွင်း နှုတ်ထွက်ပေးရန် ဆန္ဒပြသူများ တောင်းဆိုထားချိန်တွင် ဘန်ကောက်၌ အရေးပေါ်အခြေအနေ ကြေညာထားမှုအား ဝန်ကြီးချုပ်က ရုပ်သိမ်းပေး

ထိုင်းနိုင်ငံဝန်ကြီးချုပ် (၃)ရက်အတွင်း နှုတ်ထွက်ပေးရန် ဆန္ဒပြသူများ တောင်းဆိုထားချိန်တွင် ဘန်ကောက်၌ အရေးပေါ်အခြေအနေ ကြေညာထားမှုအား ဝန်ကြီးချုပ်က ရုပ်သိမ်းပေး
အောက်တိုဘာ 22, 2020
By Tachileik News Agency

 

ထိုင်းနိုင်ငံဝန်ကြီးချုပ် (၃)ရက်အတွင်း နှုတ်ထွက်ပေးရန် ဆန္ဒပြသူများ တောင်းဆိုထားချိန်တွင် ဘန်ကောက်၌ အရေးပေါ်အခြေအနေ ကြေညာထားမှုအား ဝန်ကြီးချုပ်က ရုပ်သိမ်းပေး

ထိုင်းနိုင်ငံဝန်ကြီးချုပ်အနေဖြင့် (၃)ရက်အတွင်း နှုတ်ထွက်ပေးရန်နှင့် ထိန်းသိမ်းထားသည့် တက်ကြွလှုပ်ရှားသူများအား ပြန်လွှတ်ပေးရန် ဆန္ဒပြသူများက တောင်းဆိုထားကြချိန်တွင်  ဘန်ကောက်တွင် အရေးပေါ်ကြေညာထားမှုကို  ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်နေ့၌ ရုပ်သိမ်းပေးလိုက်သည်။
ထိုင်းဘုရင်စနစ်နှင့် ဝန်ကြီးချုပ်ကို ဆန္ဒပြနေမှုများအား ထိန်းချုပ်နိုင်ရန် ကြေညာထားသည့် အရေးပေါ်အခြေအနေအမိန့်အား ထိုင်းအစိုးရက အောက်တိုဘာလ (၂၂)ရက်နေ့ နေ့လယ် (၁၂)နာရီမှစ၍ ရုပ်သိမ်းပေးလိုက်ခြင်းဖြစ်သည်။
နိုင်ငံအတွင်း ဆန္ဒပြမှုများ မရှိတော့ပါက နိုင်ငံအား အရေးပေါ်ကြေညာထားမှုကို ရုပ်သိမ်းရန်စီစဉ်နေသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့က နိုင်ငံအား ပြောကြားသည့်မိန့်ခွန်းတွင်  ထည့်သွင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲပေးရန် ကျောင်းသားကျောင်းသူများ စတင်လိုက်သည့် ဆန္ဒထုတ်ဖေါ်မှု ပိုမိုအင်အားကောင်းလာချိန်တွင် ဘုရင်စနစ်ကို ထောက်ခံကြောင်း ဒေသအာဏာပိုင်အချို့ဦးဆောင်သည့် ဆန္ဒပြပွဲများလည်း ချင်းမိုင်၊ ချွန်ဘူရီ၊ လန်းပန်း၊ နမ်၊ နရတ်တီဝပ်နှင့် ဆုန်ခလတို့တွင် လုပ်ဆောင်လာနေကြောင်း သိရသည်။
Tachileik News Agency
Source: The Nation Thailand, Bangkok Post, NNT
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~