နိုင်ငံရေးပါတီဝင်များ၊ ပါတီတာဝန်ထမ်းဆောင်နေသူများမှ ထုတ်ယူထားသည့် ရွေးကောက်ပွဲသတင်းရယူခွင့်ကတ်များကို နိုဝင်ဘာလ (၆)ရက်နေ့ နောက်ဆုံးထား၍ ရွေး/ကော်ရုံးသို့ ပြန်လည်အပ်နှံရမည်

နိုင်ငံရေးပါတီဝင်များ၊ ပါတီတာဝန်ထမ်းဆောင်နေသူများမှ ထုတ်ယူထားသည့် ရွေးကောက်ပွဲသတင်းရယူခွင့်ကတ်များကို နိုဝင်ဘာလ (၆)ရက်နေ့ နောက်ဆုံးထား၍ ရွေး/ကော်ရုံးသို့ ပြန်လည်အပ်နှံရမည်
နိုဝင်ဘာ 4, 2020
By Tachileik News Agency
နိုင်ငံရေးပါတီဝင်များ၊ ပါတီတာဝန်ထမ်းဆောင်နေသူများမှ ထုတ်ယူထားသည့် ရွေးကောက်ပွဲသတင်းရယူခွင့်ကတ်များကို နိုဝင်ဘာလ (၆)ရက်နေ့ နောက်ဆုံးထား၍ ရွေး/ကော်ရုံးသို့ ပြန်လည်အပ်နှံရမည်
နိုင်ငံရေးပါတီဝင်များ၊ ပါတီတာဝန်ထမ်းဆောင်နေသူများက ရွေးကောက်ပွဲသတင်းရယူခွင့် ကတ်ပြားများ ထုတ်ယူထားမှု ရှိနေသည့်အတွက်  ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ထက် နောက်မကျဘဲ အမြန်ဆုံးပြန်လည်အပ်နှံကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။
သတင်းမီဒီယာဌာနများ၊ သတင်းအေဂျင်စီများ၏ သတင်းထောက်များအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲနေ့တွင် သတင်းရယူခွင့်အတွက် သတင်းရယူခွင့်ကတ်ပြားများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် မည်သည့် သတင်းမီဒီယာမှဖြစ်ကြောင်း ထောက်ခံချက်များနှင့် တင်ပြ ထုတ်ယူထားကြခြင်းဖြစ်သည်။
သတင်းမီဒီယာဌာနများ၊ သတင်းအေဂျင်စီများ၏ သတင်းသမားများအနေဖြင့် ရွေးကောက်ပွဲသတင်းရယူထုတ်လုပ်ရာတွင် မည်သည့်ပါတီ၊ ကိုယ်စားလှယ်လောင်းကိုမှ ကိုယ်စားပြုခြင်းမရှိဘဲ ကျင့်ဝတ်နှင့်အညီထုတ်လုပ်ရခြင်းဖြစ်ရာ နိုင်ငံရေးပါတီဝင်များ၊ ပါတီတာဝန်ထမ်းဆောင်နေသူများက ရွေးကောက်ပွဲသတင်းရယူခွင့်ကတ်ပြားများထုတ်ယူထားခြင်းမှာ  မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲလမ်းညွှန်ချက်များနှင့် ကိုက်ညီမှုမရှိသဖြင့် သတင်းသမားမဟုတ်သူများအား ထုတ်ပေးထားသည့်ကတ်များ ပြန်လည်သိမ်းဆည်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကော်မရှင်အဆင့်ဆင့်သို့ အောက်တိုဘာလ (၂၁)ရက်နေ့မှစ၍ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်အတွင်းမှ နိုင်ငံရေးပါတီဝင်များ၊ ပါတီတာဝန်ထမ်းဆောင်နေသူများ ထုတ်ယူထားသည့် ရွေးကောက်ပွဲ သတင်းရယူခွင့်ကတ်များ ပြန်လည်အပ်နှံရန် နိုဝင်ဘာလ (၄)ရက်နေ့၌ စတင်အသိပေးထားသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~