COVID 19 အတည်ပြုလူနာ (၁၅၆၉)ဦးထပ်တိုး၍ ကုသမှုခံယူနေဆဲ (၁၅၈၃၂) ဦးအထိတိုးလာ
မြန်မာတစ်နိုင်ငံလုံးမှ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၈,၃၄၃) ခုအား စစ်ဆေးထားသည့် ဓာတ်ခွဲအဖြေများကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ ည (၈)နာရီ၌ ထုတ်ပြန်ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၅၆၉) ဦးတွေ့ရသဖြင့် ကုသမှုခံယူဆဲ အတည်ပြုလူနာ (၁၅၈၃၂)ဦးရှိနေပြီဖြစ်သည်။
နိုဝင်ဘာလ (၁၇ ) ရက်နေ့ ထုတ်ပြန်ပြီးသည်အထိ ဓာတ်ခွဲနမူနာပေါင်း (၉၃၀၀၈၂)ခုကို စစ်ဆေးထားပြီး ယင်းတို့အနက် အတည်ပြုလူနာစုစုပေါင်း (၇၁၇၃၀)ဦးရှိနေပြီဖြစ်သည်။
အတည်ပြုလူနာများမှ ဆေးရုံဆင်းခွင့်ရသူစုစုပေါင်း (၅၄၂၇၃)ဦးရှိနေပြီး လူနာ (၁၆၂၅)ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ ဆေးရုံများ၌ ကုသမှုခံယူနေဆဲလူနာစုစုပေါင်း (၁၅၈၃၂)ဦးရှိနေဆဲဖြစ်သည်။
Tachileik News Agency