ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာချီလိတ်ဆေးရုံဟောင်းထဲက Covid-19 စစ်ဆေးပေးနေသည့် Fever Clinic တွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းက လာရောက်စစ်ဆေးသူများထဲမှ (၂)ဦးတွင် Covid-19 ပိုးတွေ့ရကြောင်း သိရသည်။
အသစ်တွေ့ရသည့် အတည်ပြုလူနာ (၂)ဦးမှာ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ပြီး အဆိုပါအတည်ပြုလူနာတို့၏ နေရပ်လိပ်စာနှင့် ထိတွေ့သူများကို ကျန်းမာရေးမေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။
တာချီလိတ်တွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့အထိ စုစုပေါင်း အတည်ပြုလူနာ (၅၂)ဦးအထိ ရှိနေသည်။
Tachileik News Agency