မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာမှ ဈေးဝယ်ထွက်လာသည့် ပျူစောထီးများအား လမ်းတွင် ကြားဖြတ်၍ ခြုံခိုပစ်ခတ် တိုက်ခိုက်ကြောင်း ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) အဖွဲ့ ထံမှ သိရသည်။
မြင်းခြံမြို့နယ် ဆုံရွာမှ ဆီမီးခုံမြို့ပေါ်သို့ ဆိုင်ကယ်ဆိုက်တွဲ (၂)စီးဖြင့် ဈေးဝယ်ထွက်ပြီး ပြန်လာသည့် ပျူစောထီးများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့ နံနက် (၈)နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဆီမီးခုံရေနက်ဆိပ်ကမ်းနှင့် ဆုံရွာပျူရွာကြား ကားလမ်းမတနေရာတွင် အသင့်စောင့်ဆိုင်းကာ ခြုံခိုပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပျူစောထီး (၄)ဦး သေဆုံးပြီး (၂)ဦး ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအား ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) နှင့် မြင်းခြံ မြောက်ပိုင်းသား ပြောက်ကျားတပ်ဖွဲ့ (MNGF) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE