မုံရွာမြို့နယ် ညောင်ဖြူပင်ရွာရဲစခန်းသို့ ပို့ဆောင်မည့် ရိက္ခာများအား PDF သိမ်းဆည်းရရှိ

မုံရွာမြို့နယ် ညောင်ဖြူပင်ရွာရဲစခန်းသို့ ပို့ဆောင်မည့် ရိက္ခာများအား PDF သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရွာရဲစခန်းသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ပြီး ရိက္ခာများ သိမ်းဆည်းရရှိကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။

မုံရွာမြို့နယ် တောပုကျေးရွာမှ အင်အား (၂၅)ဦးခန့် ပါဝင်သည့် ပျူစောထီးများ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ညောင်ဖြူပင်ရွာရဲစခန်းသို့ ရိက္ခာပို့ရန် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရပြီးနောက် ပျူစောထီးများသည် ရိက္ခာထုတ်များချကာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး အဆိုပါ ရိက္ခာထုတ်များထဲမှ ဆန်အိတ် (၁၃)ပိုင်း၊ဆီ  (၁)ပုံး ၊ ကြက်သွန် ဖြူ/နီ (၅)ပိဿာခန့် ၊ ငါးခြောက် (၅)ပိဿာခန့် ၊ ကော်ဖီမစ်ထုတ်ကြီး(၇) ထုပ် ၊ အရက်/ဘီယာ ၊ ဆေးလိပ် (၁၀)စီး၊ ကုလားပဲ ၊ ငါးပိ ၊ ဆေးဝါးမျိုးစုံ၊ ကွမ်းသီး/ကွမ်းရွက်၊ အလှကုန်၊ ပဲလှော်၊ ဆပ်ပြာ၊ လက်ဖက်ခြောက်၊ ဆား နှင့် အသင့်စားအစာများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ပျူစောထီး (၂)ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

အဆိုပါ တိုက်ခိုက်မှုအား ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ (၂) နှင့်အတူ မုံရွာခရိုင် တပ်ရင်း ၂၃၊ မုံရွာခရိုင် တပ်ရင်း ၂၅ ၊မုံရွာခရိုင် တပ်ရင်း ၂၈၊ BLDF၊ Special Force 11၊ Importal Gurella Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့