ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာရှိ ရတနာအဓိပတိ နွံကန် ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်အစောပိုင်းတွင် ပြိုကျကာ နေအိမ်(၅၀)ကျော် ပါသွားပြီး လူ(၈)ဦး သေဆုံးသည်ဟု ကနဦးသတင်းသိရသည်။
အဆိုပါနွံကန်သည် ပြိုကျနိုင်ခြေရှိသဖြင့် KIO ဘက်က ဇန်နဝါရီလ (၆)ရက်နေ့တွက် လာရောက်အသိပေးထားပြီး လုပ်ငန်းရပ်ဆိုင်းရန် ပြောဆိုထားရာ ယနေ့နံနက်ပိုင်းတွင် ပြိုကျသွားခြင်းဖြစ်ပြီး လက်ရှိတွင် သေဆုံးသူ(၈)ဦး၏ အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိထားသည်ဟုလည်း ဆိုသည်။
“နေအိမ် (၅၀)ထက်မနည်းပါသွားတယ်။ အခုထိတော့ အလောင်း(၈)လောင်းရထားပြီ။ ထပ်ရှိနေနိုင်သေးတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
အသေးစိတ်ကို Tachileik News Agency အနေဖြင့် ဆက်လက်မေးမြန်းနေဆဲဖြစ်ပါသည်။
#TachileikNewsAgency
#TNA_MAT
Photo: CJ