စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်အတွင်း ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ကြောင်း ဒေါင်းစစ်သည် မြောင်ပြောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။
ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာကြားရှိ ကားလမ်းမပေါ်တွင် ခရီးသွားပြည်သူများအား ဖမ်းဆီးငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသည့် အင်အား (၁၄)ဦးခန့် ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲတွင် တော်လှန်ရေးတပ်ဖွဲ့က အသင့်ထောင်ထားသည့် မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
အဆိုပါ တိုက်ခိုက်မှုအား မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE