ဧရာဝတီတိုင်းအတွင်းတွင် တော်လှန်ရေးအင်အားစုများ ဟန်ချက်ညီ စစ်ရေးဖော်ဆောင်နိုင်ရန် တိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနှင့် တိုင်းပကဖ မှ ဦးဆောင်၍ အခြား တော်လှန်ရေး အင်အားစုများနှင့် ဆွေးနွေးကြကြောင်း ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့-သတင်းပြန်ကြားရေးထံမှ သိရသည်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနှင့် တိုင်းပကဖ ဦးဆောင်အဖွဲ့သည် ပုသိမ်ခရိုင် ၊ မြောင်းမြခရိုင် ပကဖ ၊ မအူပင်ခရိုင်နှင့် ဟင်္သာတခရိုင် ပကဖ တို့မှ တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် တိုင်းအတွင်းရှိ ဧရာဝတီတိုင်းစစ်ဌာန ၊ ဗျူဟာ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် တိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီညီ စစ်ရေး ဖော်ဆောင်သွားနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုခရီးစဉ်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၊ တိုင်းပကဖ တာဝန်ခံ ၊ စစ်ရေးတာဝန်ခံ ၊ စည်းရုံးရေးတာဝန်ခံ ၊ ဘဏ္ဏာရေးမှုး ၊ ရုံးအဖွဲ့မှူးနှင့် ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် ၊ မအူပင်ခရိုင် ၊ င်္ဟသာတခရိုင် ပကဖတာဝန်ခံများ၊ CRAH ဥက္ကဌနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခဲ့ကြကြောင်း သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်ပြီး တိုက်ပွဲဖော်ဆောင်နိုင်ရန်အတွက် တိုင်းစစ်ဌာန ဧရာဝတီကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး ၊ တိုင်းစစ်ဌာန ဧရာဝတီ၏ စစ်ကြောင်း ၊ တပ်ရင်း ၊ ဗျူဟာများလည်း အဆင့်ဆင့်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန