တာချီလိတ်မြို့တွင်း ချောင်းငယ်တစ်ခုတွင် စွန့်ပစ်ထားသည့် မွေးကင်းစ ကလေးအလောင်း တွေ့ရှိ

တာချီလိတ်မြို့တွင်း ချောင်းငယ်တစ်ခုတွင် စွန့်ပစ်ထားသည့် မွေးကင်းစ ကလေးအလောင်း တွေ့ရှိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင်း ချောင်းငယ်တစ်ခုထဲတွင် စွန့်ပစ်ထားသည့် မွေးကင်းစ ကလေးငယ်တစ်ဦး၏ အလောင်းကို တွေ့ရှိရကြောင်း သိရသည်။

ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ဆန်ဆိုင်းဈေးဘေးရှိ ချောင်းငယ်အတွင်း၌ မွေးကင်းစကလေးငယ်တစ်ဦး၏ အလောင်းကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အနီးဝန်းကျင်များ၏ ဆက်သွယ်အကူအညီတောင်းခံလာမှုအရ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက သွားရောက်ပြီး ကလေး၏ အလောင်းအား ချောင်းအတွင်းမှ ဆယ်ယူကာ တာချီလိတ်မြို့မသုဿန်ဟောင်းတွင် မြေမြုပ်သင်္ဂြိုဟ်ပေးလိုက်ကြောင်း သိရသည်။

ကလေးအလောင်းနှင့်ပတ်သက်၍ မည်သူက လာရောက်စွန့်ပစ်သည်ကို မသိရဟု အနီးဝန်းကျင်နေသူများက ဆိုသည်။

 

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း