ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို ချင်းလုံမြို့တွင်ဖျက်ဆီး 

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို ချင်းလုံမြို့တွင်ဖျက်ဆီး 

ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးများကို ချင်းပြည်နယ် ချင်းလုံမြို့၌ ချင်းလဲန် အစိုးရက ယနေ့ ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရသည်။ 

ချင်းလဲန် အစိုးရတပ်ဖွဲ့များမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင်  အာဏာသိမ်းစစ်ကောင်စီလက်မှ ပြန်လည်ရယူခဲ့သည့် အိန္ဒိယ-မြန်မာ နယ်စပ် ကျီခါးကျေးရွာအနီးတွင် အလေးချိန်အားဖြင့် (၅၅၀၀) ကီလိုဂရမ် ၊ တန်ဖိုးငွေကျပ် သိန်း(၅၀၀၀)ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အခမ်းအနားသို့ ချင်းလဲန်အစိုးရဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ချင်းအမျိုးသားတပ်ဦးမှ အရာရှိများ၊ ဗဟိုတရားရုံးမှ အဖွဲ့ဝင်များ၊ မဟာမိတ် အဖွဲ့အစည်းများနှင့်အတူ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရှိ Young Mizo Association (YMA) ဥက္ကဌ နှင့် အတွင်းရေးမှူးအပါအဝင် Farkawn ကျေးရွာကောင်စီ၏ ဥက္ကဌတို့ တက်ရောက်သည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo:Chinland Information Center