မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန်ဂိတ်မှ မြို့ထဲပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force UG အဖွဲ့ထံမှ သိရသည်။
ပခုက္ကူမြို့ စက်မှုဇုန်ဂိတ်မှ မြို့ထဲပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးပြီး သေနတ် (၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Young Force UG အဖွဲ့က ဆိုသည်။
သိမ်းဆည်းရမိသည့် လက်နက်များမှာ MA-3 (၄)လက် ၊ ကျည်ဘောက် (၈)ခု ၊ ကျည် (၁၆၈)တောင့် နှင့် ဖုန်းတစ်လုံးတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား မကွေးတိုင်း ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force UG ၊ Pakokku People Defense Force နှင့် Pakokku Ranger တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: Young Force UG