မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များကို ဖမ်းမိ

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များကို ဖမ်းမိ

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များကို ဖမ်းဆီးရမိသည်ဟု ဗျူဟာ (၈၁) ယောဗျူဟာက ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ထုတ်ပြန်သည်။ 

မင်းတပ်မြို့ရှိ နောက်ဆုံးလက်ကျန် ခလရ (၂၇၄)အား ချင်းညီနောင်များက သိမ်းပိုက်ရာက အဆိုပါ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် စုစုပေါင်း (၁၂)ဦး ထွက်ပြေးလာကြခြင်းဖြစ်သည်။

ဗျူဟာ (၈၁) ယောဗျူဟာမှ ဖမ်းဆီးထိန်းသိမ်းထားသူများမှာ ဒုတပ်ကြပ် သန့်ဇင်ထွန်း နှင့် အောင်မျိုးထွန်း၊ တပ်ကြပ် ဆန်းဦး၊ တပ်သား ကျော်ဇင်လတ်၊ ခိုင်မင်းအောင်နှင့် ဝင်းနိုင်စိုး ၊ ထက်နေဝင်း၊ သန့်ဇင်ထူး၊ ဇော်မျိုးလှိုင်၊ လီဂျေ နှင့် မစန္ဒာဝင်း(မှီခို) နှင့် ကလေးဖြစ်သူ ဇော်မျိုးထက် တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မင်းတပ်မြို့ကို ချင်းညီနောင်မဟာမိတ်တပ်များက ၂၀၂၄ နိုဝင်ဘာ(၉)ရက်နေ့က စတင်တိုက်ခိုက်ရာ ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်၊ မဟာမိတ် အာရက္ခတပ်တော်၊ ယောကာကွယ်ရေးတပ်၊ ယောတပ်တော်၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃)နှင့် မဟာမိတ်အင်အားစုများက ပူးပေါင်းတိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo: ဗျူဟာအမှတ် - ၈၁ ယောဗျူဟာ