ဖမ်းဆီးထားသည့် ပျူစောထီးနှစ်ဦး ထွက်ပြေးသဖြင့် ရှာဖွေကာ ပစ်ခတ်ရှင်းလင်းလိုက်သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။
ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အေးမြသာယာမြို့ အမှတ် (၁၀)ရပ်ကွက်နေ ပျူစောထီး အရှည်ကြီးနှင့် ဝေလင်းတို့ နှစ်ဦးကို တော်လှန်ရေးတပ်များ၏ သတင်းစုံစမ်းရန်လာစဉ် ဒီဇင်ဘာလ(၃)ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
“ဆင်ကူးရွာဘက်မှ ပဲခူးရိုးမထဲသို့ စကစများ စစ်ကြောင်းထိုးရန်အတွက် တော်လှန်ရေးတပ်ဖွဲများအကြောင်း သတင်းစုံစမ်းရန် ဆိုင်ကယ်စီးလာစဥ် ဖမ်းဆီးရမိသည်”ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က ဖော်ပြသည်။
ဖမ်းဆီးပြီးနောက် ၄င်းတို့နှစ်ဦးကို နောက်တန်းစခန်း၌ စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားစဥ် ဒီဇင်ဘာလ (၁၂)ရက်နေ့ နံနက်(၄)နာရီတွင် ကင်းတာဝန်ကျ ရဲဘော်များ အိပ်ပျော်နေချိန် ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်သည်ဟု ဆိုသည်။
၎င်းတို့နှစ်ဦးမှာ အေးမြသာယာမြို့ရှိ ပျူခေါင်းဆောင် ဝဏ္ဏ၏ လက်ရုံးတပည့်များဖြစ်ကြပြီး ပြည်သူများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးရိုက်နှက်ခြင်း၊ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ များ၏ သတင်းများအား စစ်ကောင်စီထံ ထောက်လှမ်းပေးပို့ခြင်းများ လုပ်ဆောင်နေသူများဖြစ်သည်ဟု ထုတ်ပြန်သည်။
#TachileikNewsAgency
Photo: သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)