ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ပဲခူးရိုးမတောင်ခြေရှိ ထန်းတောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
နတ်တလင်းမြို့နယ် ပဲခူးရိုးမတောင်ခြေရှိ ထန်းတောကျေးရွာအနီးတွင် အင်အား (၇၀)ကျော်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့ မနက် (၉)နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ယနေ့အချိန်အထိ စစ်ကောင်စီဘက်မှ စစ်ကြောင်းများ ထပ်မံတက်လာသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်မည့် အခြေအနေရှိနေကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ၃၈၀၂ တပ်ရင်း ၊ တပ်ခွဲ (၂)၊ တပ်ခွဲ (၃)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အခါအခွင့်သင့်သလို တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေပြီး ၊ ပြည်သူများအနေဖြင့် ထိခိုက်မှုမရှိစေရန် ၎င်းတို့အနီး သွားလာလှုပ်ရှားခြင်းများ မပြုကြရန် အသိပေးထားသည်။
#TachileikNewsAgency