ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များအား ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း Delta One Drone Force အဖွဲ့ထံမှ သိရသည်။
အုတ်တွင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် ရဲစခန်း ၊ ထွေအုပ်ရုံးနှင့် ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်သည့် နေရာများအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့ ည (၈) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ 5 kg ဗုံးသီး (၄)လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦး သေဆုံးခဲ့ပြီး တခြား ထိခိုက်မှုများ အခြေအနေများကို အစုံအလင်မသိရှိရသေးကြောင်း Delta One Drone Force အဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ဒရုန်းအား ပြန်လည်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုအား Delta One Drone Force နှင့် အုတ်တွင်းမြို့နယ် ပကဖ တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Delta One