အမျိုးဘာသာ သာသနာ စစ်ကောင်စီတပ်က လားရှိုးမြို့ သာသနာ ၂၅၀၀ ဘုရားအား ဗုံးကြဲဖျက်ဆီးသွား

အမျိုးဘာသာ သာသနာ စစ်ကောင်စီတပ်က လားရှိုးမြို့ သာသနာ ၂၅၀၀ ဘုရားအား ဗုံးကြဲဖျက်ဆီးသွား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၁)ရှိ သာသနာ ၂၅၀၀ ပြည်လုံးချမ်းသာ စေတီတော်ပရဝုဏ်ကို အမျိုးဘာသာ သာသနာစစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့က ဗုံးကြဲဖျက်ဆီးသွားကြောင်း သိရသည်။

အမျိုး ဘာသာ သာသနာ စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စေတီတော်ကြီးအပါအဝင် သာသနိကအဆောက်အအုံ(၃)ခုလုံး ပျက်စီးသွားပြီး ထိခိုက်သူမရှိဟု ဒေသခံများက ဆိုသည်။

“အခုလို စစ်ကောင်စီအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ သာသနာ့နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတဲ့အပေါ်  ဒေသခံတစ်ဦးအနေနဲ့ ရှုတ်ချပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

စစ်ကောင်စီတပ်သည် အောက်တိုဘာလ (၄)ရက်နေ့က တရုတ်လူမျိုးများ၏ ကွမ်ရင်စန် (မဟာယန ဗုဒ္ဓဘာသာကျောင်း)၊ အောက်တိုဘာလ(၁၄)ရက်နေ့တွင် အီနိုင်းရွာရှိ ခရစ်ယာန်ဘာသာဝင်များ၏ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းနှင့် အောက်တိုဘာလ (၂၇)ရက်နေ့တွင် သိန္နီမြို့နယ်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းတို့လည်း ဗုံးကြဲဖျက်ဆီးခဲ့သည်။

#TachileikNewsAgency

Photo: Nay Wai Soe