ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေးနှင့် သဘာဝဘေးသင့် ဒေသခံများအား KNU မှ ငွေကြေးထောက်ပံ့ကူညီ

ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေးနှင့် သဘာဝဘေးသင့် ဒေသခံများအား KNU မှ ငွေကြေးထောက်ပံ့ကူညီ
အောက်တိုဘာ 24, 2024 | 2021 Military Coup| အခြားဒေသများ

ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင် ခရိုင်အတွင်း စစ်ဘေးနှင့် သဘာဝဘေးကြောင့် အခက်အခဲများ ရင်ဆိုင်နေရသည့် ဒေသခံပြည်သူ တစ်သောင်းခွဲကျော်အား ငွေကြေးထောက်ပံ့ကူညီကြောင်း KNU ဗဟိုထံမှ သိရသည်။

ညောင်လေးပင်ခရိုင်တွင် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန လက်အောက်ရှိ ကရင်ပြည်တွင်း ဌာနေစွန့်ခွာတိမ်းရှောင်သူများရေးရာကော်မတီ (CIDKP)မှ ဗဟို၊ ခရိုင် တာဝန်ရှိသူများနှင့်ပူပေါင်းပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့တွင် မြို့နယ် (၃)ခု အတွင်း ကျေးရွာပေါင်း (၂၉)ရွာ ရှိ အိမ်ခြေ (၃,၀၉၃)လုံး မှ လူဦးရေ စုစုပေါင်း (၁၆,၁၁၂)ဦးအား မြန်မာငွေ သိန်းခုနှစ်ထောင့်ငါးရာကျော် (၇၅၉,၉၆၄,၀၀၀)ကျပ် သွားရောက်ကူညီ ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့နယ် (၃)ခုအတွင်း ပြီးခဲ့သည့် စက်တင်ဘာလမှ ယနေ့အချိန်ထိ စစ်ကောင်စီတပ်မှ ကျေးရွာများတွင်းသို့ လက်နက်ကြီးနှင့်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် သဘာဝဘေး အန္တရာယ်များ ရင်ဆိုင်ကြုံတွေ့နေရခြင်းကြောင့် စားဝတ်နေရေး အကျပ်အတည်း အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU