ယင်းမာပင်မြို့တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်

ယင်းမာပင်မြို့တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ကြောင်း ယင်းမာပင်မြို့နယ်အခြေစိုက် Chindwin Toe Na Yar PDF အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယင်းမာပင်မြို့တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အောက်တိုဘာလ (၁၄)ရက်နေ့ ညနေပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ (၁၁)ရက်နေ့ကလည်း အဆိုပါ ကင်းပုန်းအား သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး သေဆုံး၍  (၂)ဦး ထိခိုက်ဒဏ်ရာရသည်ဟု သတင်းပြန်လည်ရရှိပြီး တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း  Chindwin Toe Na Yar PDF အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား Chindwin Toe Na Yar PDF တိုက်နယ် (၇)ပကဖ ၊ ဗျူဟာ (၄၃)နှင့် ယင်းမာပင်မြို့နယ် ပလဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Chindwin Toe Na Yar PDF