သီပေါနှင့် နောင်ချိုမြို့တို့ကို စစ်ကောင်စစ်တပ်က ပေါင်ငါးရာဗုံးကြဲရာ ဒေသခံတစ်ဦး သေဆုံးပြီး နေအိမ်များပျက်စီး 

သီပေါနှင့် နောင်ချိုမြို့တို့ကို စစ်ကောင်စစ်တပ်က ပေါင်ငါးရာဗုံးကြဲရာ ဒေသခံတစ်ဦး သေဆုံးပြီး နေအိမ်များပျက်စီး 

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနှင့် နောင်ချိုမြို့တို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးသွားကြောင်း TNLA ထံမှ သိရသည်။

သီပေါမြို့ ဇာတ်စုရပ်ကွက်နှင့် သီပေါအကျဉ်းထောင်ကို ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့က ဖျက်အားပြင်း ပေါင်(၅၀၀)ဗုံး (၃)လုံး လာရောက်ကြဲချရာ ထောင်အဆောက်အဦးနှင့် လူနေအိမ် (၇)လုံးကျော် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားနေသော ခလရ(၂၃)တပ်အနီးတစ်ဝိုက်ကိုလည်း အောက်တိုဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင်  စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံး (၄၀)နီးပါးနှင့် နေ့လယ်ပိုင်းတွင် ဗုံးအလုံး(၄၀)ကျော် လာရောက်ကြဲချသည့်အပြင် နမ့်လန်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး(၁၀)လုံးကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နောင်ချိုမြိုနယ် အင်းဖိုကျေးရွာကိုလည်း အောက်တိုဘာလ (၉)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး၍ ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် အောက်တိုဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင်လည်း ဘန့်ဘွေရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo:PSLF/TNLA News