တာချီလိတ်မြို့တွင်း လွယ်စတုံသွားလမ်းရှိ တာဝေမီးစက်ဟောင်းလမ်းပေါ် ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်က စပြီး လာသမျှ ကားနှင့်ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
"စစ်သားတွေ ပြည်သူ့စစ်တွေတော့ မတွေ့ဘူး။ ရဲ (၅)ယောက် (၆)ယောက်လောက်ပဲ တွေ့တယ်။ လာသမျှ ကားအကုန်ရပ်ခိုင်းပြီး စစ်ဆေးတယ်။ ပုံရိုက်ယူတာလည်း တွေ့ရတယ်"ဟု ဆိုင်ကယ်ဖြင့် ဖြတ်သွားရာတွင် စစ်ဆေးရေးနှင့် ကြုံခဲ့သူ တစ်ဦးက ယနေ့ ည(၉)နာရီခွဲကျော်အချိန်က Tachileik News Agency သို့ ပြောသည်။
တာချီလိတ်မြို့တွင် လမ်းမကြီး နှင့် လမ်းကြားများတွင် ပြည်သူများ သွားလာ လှုပ်ရှာနေမှုများ နှင့် ပတ်သက်ပြီး စီမံချက်ဖြင့် နေ့စဉ် ည(၁၂)နာရီနောက်ပိုင်းတွင် စစ်ဆေးရေး လုပ်ဆောင်သွားရန် ပြီးခဲ့သည့် ဩဂုတ်လအတွင်း အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုထားသော်လည်း စစ်ဆေးရေး အဖွဲ့သည် ည(၁၂)နာရီပိုင်းက စပြီး စစ်ဆေးခြင်း မပြုလုပ်ဘဲ ည(၈)နာရီကျော် (၉)နာရီ ဝန်းကျင်က စပြီး စစ်ဆေးလေ့ရှိကြောင်း သိရသည်။
တာချီလိတ်ရဲတပ်ဖွဲ့သည် ညပိုင်းများ၌ တာဝေမီးစက်ဟောင်းလမ်းဆုံတွင် အမြဲတမ်း စစ်ဆေးလေ့ရှိကြောင်း သိရသည်။
စစ်ဆေးရေးအဖွဲ့သည့် KTV နှင့် ဖျော်ဖြေရေးလုပ်ငန်းများရှိရာ လမ်းတွင် စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ရပ်ကွက်များအတွင်း၌ ခိုးဆိုးလုယက်မှုများမှာ နေ့စဉ် ဖြစ်ပွားနေဆဲ ဖြစ်သည်။
တာချီလိတ်မြို့ လွယ်စတုံသွားလမ်းရှိ တာဝေမီးစက်ဟောင်းလမ်းဆုံတွင် လာသမျှ ကား/ဆိုင်ကယ် စစ်ဆေး
Featured News
နိုဝင်ဘာ 14, 2024
နိုဝင်ဘာ 13, 2024
အောက်တိုဘာ 30, 2024
အောက်တိုဘာ 25, 2024
အောက်တိုဘာ 16, 2024