မုံရွာ-မန္တလေး လမ်းမတလျှောက် ကင်းယူရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာ-မန္တလေး လမ်းမတလျှောက် ကင်းယူရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ
အောက်တိုဘာ 2, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မုံရွာခရိုင် မြင်းမူမြို့နယ်အတွင်းရှိ မုံရွာ-မန္တလေး လမ်းမတလျှောက် ကင်းယူရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြင်းမူမြို့နယ်အတွင်းရှိ မုံရွာ-မန္တလေး လမ်းမတလျှောက် ကင်းယူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၉) ရက်နေ့တွင် အလ္လကပရွာအနီး၌ တော်လှန်ရေးအင်အားစုများက မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိနိုင်ကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ချောင်းဦးမြို့ အခြေစိုက် BLDF တပ်ခွဲ အညာမိုင်း ၊ ဇာမနီ ပြောက်ကျား နှင့် ဒေါင်းဘုရင် ပြောက်ကျား အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : BLDF တပ်ခွဲ အညာမိုင်း (ပုံဟောင်း)