ပုလဲမြို့နယ်အတွင်းရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းသို့ လက်နက်ခဲယမ်းများ ပို့ဆောင်ပြီး ပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်

ပုလဲမြို့နယ်အတွင်းရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းသို့ လက်နက်ခဲယမ်းများ ပို့ဆောင်ပြီး ပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်
စက်တင်ဘာ 30, 2024

 စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ်အတွင်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းသို့ လက်နက်ခဲယမ်းများ ပို့ဆောင်ပြီး ပြန်လည်ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကျောင်းသားတပ်မတော် ABSDF ၏ အမှတ် ( ၃ ) စစ်ကြောင်း ထံမှ သိရသည်။

ပုလဲမြို့နယ် အင်မထီးပြူစောထီးကျေးရွာမှ ကန့်ဒေါင့်နယ်မြေရဲစခန်းသို့ လက်နက်ခဲယမ်းများ ပို့ဆောင်၍ ပြန်လည်ထွက်ခွာလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ( ၆၀ ) ခန့် ပါရှိသည့် စစ်ကြောင်းကို  ၂၀၂၄ခုနှစ် စက်တင်ဘာလ ( ၂၉ ) ရက်နေ့ ညနေ ( ၃ ) ခန့်တွင် တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ( ၂၈ ) ရက်နေ့က အင်မထီးပျူစောထီးကျေးရွာသို့ စစ်ကောင်စီမှ Y12 လေယာဉ်ဖြင့် ချပေးသည့် ရိက္ခာနှင့်ခဲယမ်းများကို ကန့်ဒေါင့်နယ်မြေရဲစခန်းသို့ ပို့ဆောင်ပြီးအပြန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ( ၃ ) ဦး သေဆုံးခဲ့ကြောင်း ABSDF အမှတ် ( ၃ ) စစ်ကြောင်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ABSDF အမှတ် (၃) စစ်ကြောင်း အမှတ် (၁၄)တပ်ရင်း ၊ NUG-MOD ဗျူဟာစစ်ကြောင်း ၊ ပုံတောင်တိုက်ဂါး PDF ၊ Eagle 1 PDF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။