လားရှိုးမြို့ကို စစ်ကောင်စီနေ့စဉ် ဗုံးကြဲသဖြင့် ဒေသခံများ မြို့တွင်းမှတိမ်းရှောင်လာကြ

လားရှိုးမြို့ကို စစ်ကောင်စီနေ့စဉ် ဗုံးကြဲသဖြင့် ဒေသခံများ မြို့တွင်းမှတိမ်းရှောင်လာကြ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများလာသဖြင့် တိုက်ပွဲဖြစ်စဉ်က တိမ်းရှောင်ကြသည့် စစ်ရှောင်ဒေသခံများ နေရပ်မပြန်ကြသည့်အပြင် ကျန်ရှိနေသူများပါ မြို့တွင်းမှ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့ကို စစ်ကောင်စီတပ်က တစ်လအတွင်း (၉)ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား (၂)ဦး သေဆုံးပြီး (၃၀)ဦး ဝန်းကျင်ဒဏ်ရာရှိလာသဖြင့် တိုက်ပွဲဖြစ်ပြီးနောက် ပြန်ဝင်လာသည့်ဒေသခံများနှင့် တိုက်ပွဲအတွင်း ကျန်ရစ်နေခဲ့သူများပင် လားရှိုးမြို့မှ တိမ်းရှောင်လာကြသည်ဟု ဆိုသည်။

“ကျွန်တော် လားရှိုးကို ပြန်သွားကြည့်တော့ နေလို့မရတဲ့အပိုင်းတွေ သွားမြင်တယ်။ ကိုးကန့်တွေကလည်း လားရှိုးမြို့ကို သိမ်းပြီးကတည်းက အစစ်အဆေးမရှိပေးဝင်တယ်။ သွားလာခွင့်ကို လွတ်လွတ်လပ်လပ်ပေးတယ်။  မြို့ထဲ မှာဒလန်တွေပေါတော့လေ မနေရဲဘူး။ မလုံခြုံဘူးပေါ့နော်။ သိမ်းနိုင်ပေမယ့် ထိန်းလို့မရအောင်လုပ်တာ။ ပြည်သူမရှိရင် အုပ်ချုပ်မှုယန္တရားဆိုတာလည်းမရှိနိုင်တော့ ဗုံးကြဲနေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့ကို MNDAA တိုက်ခိုက်စဉ် လားရှိုးမြို့ရှိ ငွေကြေးတတ်နိုင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များမှာ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် တန့်ယန်းစသည့် နေရာဒေသအသီးသီးသို့ တိမ်းရှောင်သွားကြပြီးနောက် ပြန်ဝင်လိုသော်လည်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြန်မဝင်တော့သဖြင့် ဒေသခံများ အလုပ်လက်မဲ့ဖြစ်ကုန်သည်ဟု ဆိုသည်။

“ငွေကြေးတတ်နိုင်သူတွေက ပြန်မဝင်တော့ဘူးလေ။ စစ်ကောင်စီက နေ့တိုင်းဗုံးကြဲနေတော့ သူ့ရဲ့အသက်တစ်ချောင်းကို မပေးတော့ဘူးလေ။ လုံးလုံးကြီးကို မတတ်နိုင်တဲ့သူတွေကတော့ သူ့အိမ်၊ သူ့ယာ၊ သူမြို့ကို ပြန်ကြတာပေါ့။ သို့ပေမယ့် ဘာအလုပ်လုပ်နိုင်မှာတုန်း။ ကြီးကြီးမားမားဆိုင်တွေ ပြန်မဖွင့်နိုင်ဘူး။ အခုဗုံးကြဲနေပြန်တော့ ပြန်ဝင်လာတဲ့ ငွေကြေးမတတ်နိုင်သူတွေလည်း ပြန်ထွက်ကုန်တာပေါ့။ ပြည်သူကိုသာ စစ်ကောင်စီက တကယ်ချစ်ရင် ပြည်သူအတွက်စဉ်းစားပေးမှာပေါ့။ အခုဗုံးကြဲတဲ့ မြို့တွင်းမှာ MNDAA တပ်တွေ မရှိဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယမန်နေ့နှင့် ယနေ့တို့တွင် လားရှိုးမြို့မှ ပြန်ထွက်သွားသူဦးရေများနေပြီး လားရှိုးမြို့တွင်း လုံးဝနေထိုင်နိုင်ခြင်းမရှိသဖြင့် ပြန်ထွက်သွားနေကြခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ စက်တင်ဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက်(၁၁) အောင်စေတနာလမ်းသွယ်ရှိ လူနေအိမ်များပေါ်သို့ ပေါင်(၅၀၀)ဗုံး နှစ်လုံး၊ ရပ်ကွက်(၈)ရှိ မနောမိ ဝပ်ရှော့ဆိုင်အနောက်ဘက်သို့ ပေါင်(၅၀၀)ဗုံးတစ်လုံး ကြဲချရာ နေအိမ်များနှင့် ပတ်ဝန်းကျင်ရှိ အဆောက်အဦးများစွာ ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo:လားရှိုးမြို့ ပြန်လည်ထူထောင်ရေး