မိုးဗြဲရေမြုပ်နေပြီး စစ်ရှောင်စခန်းများပါ ပြောင်းရွေ့နေရ

မိုးဗြဲရေမြုပ်နေပြီး စစ်ရှောင်စခန်းများပါ ပြောင်းရွေ့နေရ
စက်တင်ဘာ 28, 2024 | ကယား

ကရင်နီပြည်နယ်ရှိ မိုးဗြဲဆည် ရေလွှတ်ခြင်းကြောင့် ဘီးလူးချောင်းရေတက်ကာ မိုးဗြဲမြို့တွင် စက်တင်ဘာလ (၁၅)ရက်နေ့ကစတင်ကာ ယနေ့အထိ ရေနစ်မြုပ်နေပြီး စစ်ရှောင်စခန်းများပါ ပြောင်းရွှေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။



 

ရေမြင့်တက်လာခြင်းကြောင့် မိုးဗြဲမြို့ ပီကင်း၊ လွယ်ယင်းကြားရှိ ခြံများ၊ ပီကင်းလုံးဖိရှိ စစ်ရှောင်စခန်းများ၊ ဝါရီစူးပလိုင်ကျေးရွာ၊ ပီကင်းကောခူ နေရာများ ရေနစ်မြုပ်နေကြောင်း သိရသည်။

ဝါရီဆူးပလိုင်ကျေးရွာမှ စစ်ဘေးရှောင်များနေထိုင်နေသည့် အိမ်ခြေ(၂၀၀)၊ လူဦးရေ(၁၀၀၀)ခန့်ရှိသည့် နောင်ခိုင် စစ်ဘေးရှောင်စခန်းလည်း ရေနစ်မြုပ်သွားပြီဖြစ်သဖြင့် အလှူရှင်များလိုအပ်နေကာ ရေမှာလည်း ဆက်လက် မြင့်တက်နေဆဲဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ