ထိုင်းနိုင်ငံ စမွတ်ပရာကန်ဒေသတွင် စပါးကြီးမြွေတစ်ကောင် နေအိမ်တွင်းဝင်လာပြီး အမျိုးသမီးတစ်ဦးအား မျိုရန်ကြိုးစားခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့ ည (၁၀)နာရီဝန်းကျင်က အမျိုးသမီးတစ်ဦး၏ အော်ဟစ် အကူအညီတောင်းသံကြားသည့် အိမ်နီးချင်းများက အကြောင်းကြားသဖြင့် ရဲနှင့် ကယ်ဆယ်ရေးများက အဆိုပါအိမ်တံခါးအား ချိုးဖျက်ဝင်ရောက်ခဲ့ချိန်တွင် အိမ်ရှင်ဖြစ်သူ အသက် (၆၄)နှစ်အရွယ် အမျိုးသမီးမှာ မြွေရစ်ပတ်ခံရပြီး အသံပင် မထွက်နိုင်တော့သည့် အခြေအနေကို တွေ့ခဲ့ကြရကြောင်း သိရသည်။
မြွေမှာ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် အဆိုပါ အမျိုးသမီးကို နီးစပ်ရာဆေးရုံသို့ အမြန်ပို့ပေးခဲ့ရကြောင်း သိရသည်။
အမျိုးသမီး၏ ပြန်လည် ပြောပြချက်အရ ၎င်းသည် ည (၈)နာရီဝန်းကျင်တွင် ပန်းကန်ဆေးနေစဉ် နောက်ဘက်ကနေ ညာဖက်ပေါင်ကို ရုတ်တရက် အကိုက်ခံလိုက်ရပြီး ချက်ချင်း ရစ်ပတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး၏ အော်ဟစ်အကူအညီတောင်းနေသံကို အိမ်နီးချင်းများက အချိန်အတော်ကြာ သတိမထားမိကြဘဲ မြွေပတ်ခံထားရသည်မှာ (၂)နာရီခန့် ကြာသွားကြောင်း သိရသည်။
Source: ช่อง 8, Khaosod
Photo: ช่อง 8