မြန်မာဘက်မှ လာသူများကို မယ်ဆိုင်ဘက်ရှိ လိုင်းကားများက တနေ့တာ အခမဲ့ ပို့ဆောင်

မြန်မာဘက်မှ လာသူများကို မယ်ဆိုင်ဘက်ရှိ လိုင်းကားများက တနေ့တာ အခမဲ့ ပို့ဆောင်
စက်တင်ဘာ 16, 2024 | ရှမ်းရှေ့

 ရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့တွင်  ကုန်စိမ်းနှင့်အခြားပစ္စည်းများ ပြတ်လပ်သွားသည့်အတွက် ရေကျသွားပြီးနောက် မယ်ဆိုင်ဘက် Tesco Lotus  နှင့် Makro အပါအဝင် ဈေးကြီးသို့  သွားရောက်ပြီး ဈေးဝယ်သူများ အပါအဝင် မြန်မာနိုင်ငံသားများကို ယနေ့  ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ တစ်နေ့တာအတွက် မယ်ဆိုင်ဘက် လိုင်းကားများက အခမဲ့ ပြေးဆွဲပေးနေကြောင်း သိရသည်။

"ကျွန်တော် အခုနက မယ်ဆိုင်ဘက်မှာ လိုင်းကားစီးတာ ပိုက်ဆံမယူဘူး။ အလကားတဲ့။ ပိုက်ဆံအတင်းပေးတာတောင် မယူဘူး။ ပစ္စည်းလည်း (၄)ထုပ်၊ တချို့ဆိုရင် ဆန်(၃)အိတ်တောင် တင်တာ။ တစ်ယောက်မှ ပိုက်ဆံမတောင်းဘူး။ လိုင်းကားက ကူညီတာတဲ့"ဟု ယနေ့တွင် မယ်ဆိုင်ဘက်သွားရောက်ပြီး လိုင်းကားစီးခဲ့သူက Tachileik News Agency သို့ ပြောပြသည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြား ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုကြောင့် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားကနေ သွားလာ၍မရတော့သည်အထိ ဖြစ်ပွားခဲ့ရာမှ ယခုအခါတွင် တာချီလိတ်ဘက်မှ အများပြား မယ်ဆိုင်သို့ သွားရောက်ပြီး ဈေးဝယ်မှုများ နှင့် အခြားကိစ္စများကို လုပ်ဆောင်နေကြခြင်းဖြစ်ရာ မယ်ဆိုင်လိုင်းကားအဖွဲ့က တတ်နိုင်သည့်ဘက်မှ ပြန်လည်ကူညီပေးခြင်း ဖြစ်ကြောင်း သိရသည်။