တာချီလိတ်မြို့နယ်အတွင်း စက်မှုဇုန်အလွန် ဓါတ်တိုင် (၂၇)တိုင် ပြိုလဲသွား၍ လျှပ်စစ်မီး အမြန်ဆုံး ပြန်လည်ရရှိရေး မြို့မီးလင်းရေးက လုပ်ဆောင်နေ

တာချီလိတ်မြို့နယ်အတွင်း စက်မှုဇုန်အလွန် ဓါတ်တိုင် (၂၇)တိုင် ပြိုလဲသွား၍ လျှပ်စစ်မီး အမြန်ဆုံး ပြန်လည်ရရှိရေး မြို့မီးလင်းရေးက လုပ်ဆောင်နေ
စက်တင်ဘာ 13, 2024 | ရှမ်းရှေ့

 ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် တာချီလိတ်မြို့နယ်အတွင်း လျှပ်စစ်မီးနှင့်ပတ်သက်၍ မိုင်းဖုန်းကျေးရွာအုပ်စုသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုက် (၂၇)တိုင်  ပြိုလဲမှုများရှိခဲ့၍ လျှပ်စစ်မီးများ အမြန်ဆုံး ရရှိရေးအတွက် မြို့မီးလင်းရေးဦးဆောင်ကော်မတီကော်မတီက လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

 

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ဆွတ်ဆိုင် လမ်းဆုံကနေ  စက်မှုဇုန်သွားလမ်းရှိ ဦးထွန်းအောင်တံတားအကြား သွယ်တန်းထားသော့် လျှပ်စစ်ပါဝါမီးတိုင် (၂၇)တိုင်တိတိ   ပြိုလဲသွားသည့်အတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ချိန်အတွင်း အမြန်ဆုံးမီးပြန်လည်ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောက်ရွက်လျှက်ရှိကြောင်း တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ က စက်တင်ဘာလ(၁၂)ရက်နေ့က အသိပေးထားရှိသည်။

တာချီလိတ်မြို့တွင်  ၂၀၂၄ခုနှစ် စက်တင်ဘာ(၁၀)ရက်နေ့ စပြီး စက်တင်ဘာလ(၁၃)ရက်နေ့အထိ ရေကြီးရေမှုများ ဖြစ်ပွားနေခြင်းကြောင့် စက်တင်ဘာလ(၁၀)ရက်နေ့ကတည်းက တာချီလိတ်မြို့နယ်တစ်ခုလုံး လျှပ်စစ်မီး ဖြတ်တောက်ထားရကြောင်းနှင့် စက်တင်ဘာလ(၁၁)ရက်နေ့ ညပိုင်းက ရေကြီးရေလျှံမှုနှင့် ကင်းလွတ်သည့် ရပ်ကွက်အချို့အပိုင်းတွင်သာ လျှပ်စစ်မီး ပြန်လွတ်နိုင်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်မီးများ ပြတ်တောက်နေ၍လည်း ဆက်သွယ်ရေးများလည်း ပြတ်တောက်နေကြောင်း သိရသည်။

Photo: တာချီလိတ်မြို့မီးလင်းရေး