ရှမ်း-ကရင်နီကို စီးဆင်းနေသည့် ပွန်ချောင်းရေ ပေ(၂၀)အထိ မြင့်တက်နေသဖြင့် ဖြတ်သန်းခြင်းမပြုရန် PNLA သတိပေး

ရှမ်း-ကရင်နီကို စီးဆင်းနေသည့် ပွန်ချောင်းရေ ပေ(၂၀)အထိ မြင့်တက်နေသဖြင့် ဖြတ်သန်းခြင်းမပြုရန် PNLA သတိပေး
စက်တင်ဘာ 12, 2024 | ကယား| ရှမ်းတောင်

ရှမ်း-ကရင်နီပြည်နယ်ကို ဖြတ်သန်းစီးဆင်းနေသည့် ပွန်ချောင်းရေသည် ပေ(၂၀)အထိ မြင့်တက်နေခြင်းကြောင့် ချောင်းအနီးသို့သွားလည်ခြင်းနှင့် ဖြတ်သန်းခြင်းများ မပြုလုပ်ကြရန် PNLA က ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့တွင် တိုက်တွန်းထားသည်။

မိုးများပြီး တောင်ကျရေစီးဆင်းနေခြင်းကြောင့် တောင်ယာများပျက်စီးပြီး စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများနှင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် အကူအညီအမြန်ဆုံးပေးကြရန်လည်း လိုအပ်နေသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ တောင်ကျရေများကြီးစီးဆင်းခြင်းကြောင့် ကားလမ်းများလည်း ပျက်စီးသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: PNLA News & Information Department