ပခုက္ကူခရိုင်အတွင်းမှ ရဲဘော် ၁၈၂ ဦး စစ်သင်တန်းဆင်း

ပခုက္ကူခရိုင်အတွင်းမှ ရဲဘော် ၁၈၂ ဦး စစ်သင်တန်းဆင်း

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ရဲဘော် (၁၈၂)ဦး ပါဝင်သော သင်တန်းအမှတ်စဥ် (၃)မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့တွင် သင်တန်းဆင်းပြီဖြစ်ကြောင်း မြိုင် ပကဖ ကထုတ်ပြန်သည်။ 

သင်တန်းမှာ (၂)လခွဲကြာမြင့်ပြီး သင်တန်းဆင်းပွဲအား တော်လှန်ရေးနယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ကာ အဆိုပါ သင်တန်းဆင်းပွဲသို့ မြိုင်ပကဖတာဝန်ခံနှင့် ပေါက်အုပ်ချုပ်ရေး၊ ကာကွယ်ရေးတာဝန်ခံ၊ ကမ္မတပ်ပေါင်းစုတာဝန်ခံများ တက်ရောက်ခဲ့သည်ဟု သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားကို သင်တန်းသားရဲဘော်များမှ စစ်ကြောင်းပုံစံဖြင့် ခေါင်းဆောင်အသီးသီးအား ချီတက်အလေးပြုခြင်း၊ အမှာစကားများပြောကြားခြင်း၊ အလံကိုင်သစ္စာဆိုခြင်း၊ သွေးသစ္စာသီချင်းသီဆိုခြင်းတို့ဖြင့် အခမ်းအနားပြီဆုံးကြောင်း သိရသည်။

#TachileikNewsAgency

Photo: မြိုင်-ပကဖ