ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲ

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၂၉)ရက်နေ့ ညပိုင်းက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်ကြောင်း TNLA ထံမှ သိရသည်။ 

ယမန်နေ့ည (၁၁)နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ​ဖြင့် ကျောက်မဲမြို့နယ်၊ ရပ်ကွက် (၁)ရှိ ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးအနီးတွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချမှုကြောင့် ရပ်ကွက်(၁)ရှိ (ဒေသအခေါ် ) ပင်ပေါလေးနှင့် အုတ်ကျင်းအတွင်းရှိ ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိဟု ဆိုသည်။ 

သြဂုတ်လ (၂၇)ရက်၊ ညပိုင်း (၁၁)နာရီခွဲအချိန်တွင်လည်း ကျောက်မဲမြို့ အမှတ် (၉)ရပ်ကွက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအတွင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ထိုရပ်ကွက်ရှိ ဒေသခံအမျိုးသား(၁)ဦး သေဆုံးခဲ့ရပြီး (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။ 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများ နေထိုင်ရာသို့ ဦးတည်ပြီး လေကြောင်းဖြင့် လိုက်လံဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ​ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News