ရေးမြို့နယ် ကွမ်ကျိုက်ရွာဘက်တွင် ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရ

ရေးမြို့နယ် ကွမ်ကျိုက်ရွာဘက်တွင် ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ရွာဘက်တွင် ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ကြောင်း မွန်ပြည်သစ်ပါတီ (AD) အဖွဲ့ထံမှ သိရသည်။

ရေးမြို့နယ် ကွမ်ကျိုက်ရွာ (မော့ကနင်ရွာအနီး) ဘက်တွင် ဝင်ရောက်တပ်စွဲနေသည့် အင်အား (၂၀)ခန့်ပါရှိသည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့ မနက် (၈) နာရီတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲမှာ မိနစ် (၃၀)ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် (၁၀) ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (AD) အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား မွန်ပြည်သစ်ပါတီ (AD) ၊ YPDF နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency