မြင်းခြံမြို့နယ် ဆုံရွာပျူကင်းစခန်းနှင့် ဆီမီးခုံရဲစခန်းတို့ Fixed Wing ဒရုန်းများဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခံရ

မြင်းခြံမြို့နယ် ဆုံရွာပျူကင်းစခန်းနှင့် ဆီမီးခုံရဲစခန်းတို့ Fixed Wing ဒရုန်းများဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခံရ

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းရှိ ဆုံရွာပျူကင်းစခန်းနှင့် ဆီမီးခုံရဲစခန်းတို့အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ Fixed Wing ဒရုန်းများဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မြင်းခြံမြို့နယ် ဖက်ပင်အိုင်ကျေးရွာအုပ်စုတွင် တည်ရှိသည့် ဆုံရွာရှိ ပျူကင်းစခန်းများပေါ်သို့ ၂၀၂၄ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ Fixed Wing ဒရုန်း နှစ်စီးဖြင့် 800G ဗုံးသီး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ဗုံးသီးများသည် ကင်းစခန်းများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပျူစောထီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု စုံစမ်းသိရှိရကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

သြဂုတ်လ (၂၁) ရက်နေ့ နေ့လယ် (၁၂)နာရီခွဲခန့်တွင် ဆီမီးခုံရဲစခန်းအတွင်းသို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ Fixed-Wing ဒရုန်းဖြင့် 800G ဗုံးသီး (၁)လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ပြီး စခန်းတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဒရုန်းဖြင့် ဗုံးသီးများပစ်ချနေစဉ် စခန်းအတွင်းရှိ ရဲတပ်သားများက ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့ပြီး ထိခိုက်မှု ရှိမရှိဆက်လက်စုံစမ်းနေကြာင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအား ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) နှင့် AungSan's Blood Civilians Defense Force(ABCDF) မဟာမိတ်ညီနောင်နှစ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency