ရေစကြိုမြို့လယ်ရှိ စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် နှင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်

ရေစကြိုမြို့လယ်ရှိ စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် နှင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်

မကွေးတိုင်း၊ ရေစကြိုမြို့လယ်ရှိ အထက(၁)စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့  ၂၀၂၄ ခုနှစ် သြဂုတ်လ(၂၀)ရက်နေ့ တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း 

Southern YSO PDF ထံမှ သိရသည်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးသူရှိကာ MA1 တစ်လက်၊ MA3 တစ်လက် နှင့် G3 တစ်လက်တို့အား ကောက်ယူရန် ကြိုးစားစဉ် အထက(၁)ကျောင်းအနီးရှိ ရုံးပေါင်းစုံဂိတ်နှင့် စိုက်ပျိုးရေးရုံးအတွင်းမှ စစ်ကောင်စီတပ်က ပြန်လည် ပစ်ခတ်သဖြင့် ကောက်ယူနိုင်ခဲ့ခြင်းမရှိဟု ဆိုသည်။ 

ထို့အပြင် စစ်ကောင်စီ၏ ကင်းပတ်ကား(Alphard) ကလည်း တော်လှန်ရေးရဲဘော်များကို လိုက်လံတားဆီး ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ထပ်မံဖြစ် ပွားခဲ့သည်ဟု ဆိုသည်။ 

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား(၆)ဦးသေပြီး (၃)ဦး ဒဏ်ရာရကာ ပစ်ခတ်မှုဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းကြောက့် ဒေသခံ(၄)ဦးခန့်ထိခိုက်မှုရှိသဖြင့် တော်လှန်ရေးရဲဘော်များက မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။ 

တိုက်ခိုက်မှုကို Southern YSO PDF၊ People's Security Force-Yesagyo၊ Myingyan Black Tiger၊ TPGမြို့ပြပျောက်ကြား၊ ညီနောင်မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgecny