ပျူစောထီးလူသစ်ခေါ်ယူစုဆောင်းကာ သင်တန်းပေးနေသည့် ပျူခေါင်းဆောင် နှစ်ဦးကို သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် သေဆုံးသွား

ပျူစောထီးလူသစ်ခေါ်ယူစုဆောင်းကာ သင်တန်းပေးနေသည့် ပျူခေါင်းဆောင် နှစ်ဦးကို သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် သေဆုံးသွား

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တွက် ပျူစောထီးတပ်သားသစ် ခေါ်ယူစုဆောင်းနေသည့် ပျူစောထီးနှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီးနှစ်ဦးလုံး သေဆုံးသွားကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင်နှစ်ဦးသည် ကျွန်းစုမြို့နယ် မင်းခေါင်းဆေးကျေးရွာတွင် ပျူစောထီးတပ်သားသစ် ခေါ်ယူစုဆောင်းနေပြီး သင်တန်းများလည်းပေးနေကြောင်းသတင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်က အကြိမ်ကြိမ် သတိပေးတားမြစ်သော်လည်း လိုက်နာခြင်းမရှိခြင်းကြောင့် ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့တွင် သွားရောက်ဖမ်းဆီးကြောင်း သိရသည်။

သွားရောက်ဖမ်းဆီးစဉ် ပျူစောထီးခေါင်းဆောင် နောင်မေးနှင့် ကြယ်စင်‌အောင်တို့သည် ပြည်သူ့ကာကွယ်ရေး အဖွဲ့အား ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ နှစ်ဦးလုံးသေဆုံးသွားသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုသည် ကျေးရွာနေပြည်သူများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency