ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့တွင် ဖခင်အရင်းဖြစ်သူက သမီးဖြစ်သူကို အဓမ္မပြုကျင့်မှုဖြစ်ပွားကြောင်း သိရသည်။
မိုင်းဖြတ်မြို့ ဝမ်မိုင်ရပ်ကွက်တွင် နေထိုင်သူ ရဲဝင်းနိုင်(ခ)သားငယ်ဆိုသူသည် ၂၀၂၄ခုနှစ် ဩဂုတ်လ၏ ဒုတိယပတ်အတွင်းက ၎င်း၏ အသက်(၁၄)နှစ်အရွယ် သမီးအရင်းဖြစ်သူအား အဓမ္မပြုကျင့်ကြောင်း သိရသည့်အတွက် ၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဆက်လက်၍ ရဲဝင်းနိုင်(ခ)သားငယ်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၁၆/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အမှုကြီး အမှတ်စဉ် (၃/၂၀၂၄)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ယင်းသို့ ဖြစ်ပွားမှုကြောင့် ခိုကိုးရာမဲ့ ဖြစ်နေသည့် (၁၄)နှစ်အရွယ် မိန်းကလေးအား ကျိုင်းတုံမြို့ရှိ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းသို့ သက်ဆိုင်ရာများက ပို့ဆောင်ပေးထားကြောင်း သိရှိရသည်။