ဂန့်ဂေါမြို့နယ်ရှိ MOGE ရေနံမှော်ကင်းစခန်းအား တော်လှန်ရေးတပ်များသိမ်းရာ စစ်ကောင်စီတပ်သား ၁၂ ဦးကိုဖမ်းမိ

ဂန့်ဂေါမြို့နယ်ရှိ MOGE ရေနံမှော်ကင်းစခန်းအား တော်လှန်ရေးတပ်များသိမ်းရာ စစ်ကောင်စီတပ်သား ၁၂ ဦးကိုဖမ်းမိ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျောတိုက်နယ်ရှိ စစ်ကောင်စီတပ်၏ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း)နှင့် ရေနံကျင်းကင်းစခန်းအား ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့တွင် သိမ်းပိုက်ရရှိကြောင်း အမှတ်(၁)စစ်ဒေသထံမှ သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီ၏ ကပစ(၂၃)မှ ဗိုလ်ကြီး သော်ဇင်အောင်နှင့် ဒုရဲအုပ် ကိုကိုအောင် အပါအဝင် (၁၂)ဦး သေဆုံးပြီး ကပစ(၂၃)မှ ဒုအရာခံဗိုလ် ဝင်းမြင့်ထွန်းအပါအဝင် (၁၂)ဦးကို ဖမ်းဆီးရမိသည်ဟု သိရသည်။ 

စစ်ကောင်စီထံမှ လက်နက်မျိုးစုံ (၃၀)လက်၊ ကျည်မျိုးစုံ (၂၆၀၀)ကျော်၊ မိုင်း (၇)လုံး၊ ဗုံးသီး (၆) လုံးနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိကာ တော်လှန်ရေးရဲဘော် (၁)ဦး ကျဆုံးသည်ဟု သိရသည်။

တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ဂန့်ဂေါခရိုင်တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ABSDF၊ KKG တပ်ရင်း (၄၊ ၅၊ ၆)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Hyper UAV Force)နှင့် ကျောတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

#TachileikNewsAgency