နွားထိုးကြီးတိုက်ပွဲမှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖမ်းမိပြီး လက်နက် ၂၇ လက်ရဟု နွားထိုးကြီး PDF ထုတ်ပြန်

နွားထိုးကြီးတိုက်ပွဲမှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖမ်းမိပြီး လက်နက် ၂၇ လက်ရဟု နွားထိုးကြီး PDF ထုတ်ပြန်

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းနှင့် စစ်ကောင်စီတပ်သား(၃)ဦးအား ဖမ်းဆီးရမိကြောင်း နွားထိုးကြီး PDF ထံမှ သိရသည်။ 

၂၀၂၄ ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့က တော်လှန်ရေးတပ်များသည် စစ်ကြောင်း(၅)ကြောင်းခွဲ၍ မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော အေးကျောင်း၊ဆောက်လုပ်ရေးရုံး၊ တရားရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် မြို့အရှေ့ဘက်ဂိတ်တို့အား တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၃၀)ကျော်သေပြီး (၃)ဦးကို အရှင်ဖမ်းမိကာ လက်နက်မျိုးစုံ (၂၇)လက်ရရှိသည်ဟု ဆိုသည်။ 

စခန်းများ သိမ်းဆည်းရရှိချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မြို့ကို မထိန်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ရသည်ဟု ဆိုသည်။ 

မြို့သိမ်းတိုက်ပွဲတွင် မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်းမှ တပ်ခွဲမှုး ကိုသွန်းထက် ကျဆုံးသည်ဟု သိရသည်။

တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း(NRDF)၊ နွားထိုးကြီးမြို့နယ် (ပကဖ)၊ တံတားဦးမြို့နယ် (ပကဖ)၊ မြင်းခြံခရိုင် ဒရုန်း အဖွဲ့ (MDDS)တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency