မုံရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး စျေးအတွင်းကျကာ အရပ်သားများ ထိခိုက်သေဆုံး

မုံရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး စျေးအတွင်းကျကာ အရပ်သားများ ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၃)ရက်နေ့တွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ အရပ်သား (၁၁)ဦး သေပြီး (၁၀)ဦး ဒဏ်ရာရကြောင်း သိရသည်။ 

မုံရွာမြို့အဝင် စစ်ကောင်စီတပ်ထိုင်ထားသည့် မအူဂိတ်မှ ယနေ့နံနက်ပိုင်းတွင် (၆၀)မမ လက်နက်ကြီးတစ်လုံးပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေး ထနောင်းတောတောင်ရွာရှိ စျေးတန်းအလယ်သို့ကျကာ အရပ်သားအမျိုးသား(၅)ဦးနှင့် အမျိုးသမီး (၁၆)ဦး လက်နက်ကြီးအစများ ထိမှန်ခဲ့ကြောင်း သိရသည်။ 

အဆိုပါလက်နက်ကြီးကြောင့် အမျိုးသား (၃)ဦး၊ အမျိုးသမီး (၈)ဦး သေဆုံးကာ (၁၀)ဦးဒဏ်ရာရကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေးက ဖော်ပြထားသည်။ 

ယနေ့ နေ့လယ် (၁၂)နာရီခန့်တွင်လည်း လယ်တော်ကျေးရွာဘက်သို့ မအူဂိတ်မှပစ်လွှတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ(၂)ဦး ဒဏ်ရာရခဲ့ပြီး နွားတစ်ကောင်သေဆုံးခဲ့ရကြောင်း သိရသည်။ 

ဩဂုတ်လ (၁၀)ရက်နေ့နှင့် (၁၁)ရက်နေ့တို့တွင်လည်း မအူဂိတ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား(၁၀)ဦး ထိမှန်ခဲ့ပြီး (၂)ဦးသေဆုံး သည်ဟု သိရသည်။

#TachileikNewsAgency

Photo: မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး