နိုင်ငံတော်၏ အနာဂတ်ကို ကယ်တင်ရန် စစ်ကောင်စီမှ တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများ NUG နှင့် EROs များနှင့် ဆက်သွယ်ပြီး အတူပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့ရင်ခွင် တိုက်တွန်း 

နိုင်ငံတော်၏ အနာဂတ်ကို ကယ်တင်ရန် စစ်ကောင်စီမှ တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများ NUG နှင့် EROs များနှင့် ဆက်သွယ်ပြီး အတူပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့ရင်ခွင် တိုက်တွန်း 

နိုင်ငံတော်၏ အနာဂတ်ကို ကယ်တင်ရန် စစ်ကောင်စီမှ တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (EROs) များနှင့် ဆက်သွယ်ပြီး အတူပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့ရင်ခွင်-People’s Embrace က တိုက်တွန်းသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများအား ဖမ်းဆီးဖယ်ရှားပြီး တပ်မတော်နှင့် နိုင်ငံတော်၏ အနာဂတ်ကိုကယ်တင်ရန်  ၊ ဒီမိုကရေစီစံနူန်းနှင့်အညီ အရပ်ဘက်ကွက်ကဲမှုကို လေးစားလိုက်နာပြီး တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး မူလတာဝန်ကိုသာ ထမ်းဆောင်ရန်နှင့် ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေး ပြုပြင်ပြောင်းလဲရန်အတွက် တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအနေဖြင့် NUG နှင့် EROs များနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့ရင်ခွင်က တိုက်တွန်းထားသည်။

နိုင်ငံတော်နှင့် တပ်မတော်ကို ဖျက်ဆီးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်အောက်တွင် မည်သည့်အရာရှိကြီးများမှ အသက် ၊ ရာထူး ၊ စည်းစိမ် ၊ မိသားစုအနာဂတ်အတွက် လုံခြုံမှုမရှိတော့ဘဲ လက်ရှိရင်ဆိုင်နေရသည့် အခြေအနေအရပ်ရပ်ကို အချိန်မီ ရပ်တန့်ဖြေရှင်းနိုင်ရန်အတွက် လက်တွဲပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ပြည်သူ့ရင်ခွင်-People’s Embrace က ဆိုသည်။

ပြည်သူ့ရင်ခွင် People’s Embrace အဖွဲ့သည် NUG ၊ MOD ၏ မိတ်ဖက်အဖွဲ့အစည်းအနေဖြင့် စစ်ကောင်စီတပ်နှင့်ရဲကို စွန့်ခွာလိုသူများအတွက် ကူညီဆောင်ရွက်ပေးနေသည့် လွတ်လပ်သော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: ပြည်သူ့ရင်ခွင် - People's Embrace