ချင်းမိုင်လေဆိပ်တွင် မျက်နှာကြတ် ပြိုကျမှုကြောင့် နိုင်ငံခြားသား ကလေးငယ် (၂) ဦး ဒဏ်ရာရ

ချင်းမိုင်လေဆိပ်တွင် မျက်နှာကြတ် ပြိုကျမှုကြောင့် နိုင်ငံခြားသား ကလေးငယ် (၂) ဦး ဒဏ်ရာရ
By Mr John

ထိုင်းနိုင်ငံ ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေး စစ်ဆေးရေးဂိတ်တစ်ခုတွင် ၂၀၂၄ ခုနှစ် နံနက် (၇) နာရီ (၅၅) မိနစ်က မျက်နှာကြတ် ပြိုကျခဲ့ရာ နိုင်ငံခြားသား ကလေးငယ် (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ 

လေဆိပ်ရှိ ဆေးဘက်ဝန်ထမ်းများက ဒဏ်ရာရ ကလေးများကို ရှေးဦးသူနာပြုစုရန် အလျင်အမြန် ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။

ပထမ ကလေးငယ်မှာ နယ်သာလန်နိုင်ငံမှဖြစ်ပြီး လက်တွင် အသေးစား ဒဏ်ရာများရခဲ့ကြောင်းနှင့် ဒုတိယ ကလေးငယ်မှာ တရုတ်နိုင်ငံမှဖြစ်ပြီး ဦးခေါင်းဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

နယ်သာလန် ကလေးငယ်နှင့် ၎င်း၏မိသားစုက ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်မည့် ၎င်းတို့၏ ခရီးစဥ်ကို ဆက်လက် ထွက်ခွာခဲ့ကြသည်။

တရုတ် ကလေးငယ်ကို ချင်းမိုင်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ပြီး ဦးခေါင်းဒဏ်ရာကို (၅) ချက်ချုပ်ခဲ့ရသည်။ 

ဒဏ်ရာကုသပြီးနောက် ထိုကလေးငယ်နှင့် မိသားစုက ချင်းမိုင်လေဆိပ်သို့ ပြန်လာခဲ့ကြပြီး Hat Yai လေဆိပ်သို့ လေယာဥ်စီးရန် ပြင်ဆင်ခဲ့ကြကြောင်း သိရသည်။ 

လေဆိပ်တာဝန်ရှိသူများက ဒဏ်ရာရခဲ့သည့် ကလေးငယ်များနှင့် မိသားစု (၂) ခုလုံးအတွက် အဝတ်အစားအသစ်များ၊ နေ့လယ်စာနှင့် VIP နားနေခန်းတွင် နေရာချထားပေးမှု အပါအဝင် ပံ့ပိုးစီစဥ်ပေးခဲ့သည်။

မျက်နှာကြတ် ပြိုကျရခြင်းမှာ အဲယားကွန်း ဂက်စ်ပိုက်လိုင်းများမှ အစိုဓာတ်ကြောင့်ဖြစ်ပြီး လတ်တလော မိုးဆက်တိုက်ရွာခြင်းက အခြေအနေကို ပိုမိုဆိုးရွားသွားစေခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူများက ပြောသည်။

Source: The Thaiger