လားရှိုးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံး

လားရှိုးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံး
ဇူလိုင် 26, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်း‌ပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်နေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် (၃)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရကြောင်း သိရသည်။

စစ်ကောင်စီက လေကြောင်းဖြင့်လာရောက်တိုက်ခိုက်မှုကြောင့် လားရှိုးမြို့တွင်းရှိ မိသားစုဝင် (၃)ဦး ပွဲချင်းပြီးသေဆုံးသွားသည်ဟု သိရသည်။

ရပ်ကွက်(၇)၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၁၂)တို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား(၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီးသည်ဟု ဆိုသည်။

တိုက်ပွဲကာလ (၁)လအတွင်း လားရှိုးမြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၃၈)ဦး သေဆုံးပြီး (၄၈)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ် (၉)လုံးထက်မနည်း ပျက်စီးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း (၅)ကျောင်း ထိခိုက်ပျက်စီးသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News